Posts

အောင်မှိုင်းနှင့်အငြိုးကြီးသရဲ( ဇာတ်သိမ်း)

Image
မြို့ရိုးပေါ်ရှိစစ်သည်များမှာ လက်ထဲရှိလေးမြှားဖြင့်ပစ်ခက်ဖို့မရဲ ရှိနေကြသည်။ စန္ဒာဒေဝီက မြို့ရိုးပေါ်ကနေ "မောင်တော်ဘုရား သမီးတော်လေးကိုကြည့်တော်မူပါဦး " ဟုအော်ပြောလိုက်တော့ နေမျိုးသူရက စိုက်ကြည့်ပြီး "ဒေဝီ အချစ် နောင်ဘဝမှပဲသမီးတော်လေးကိုမောင်တော်သေသေချာချာဂရုစိုက်တော့မယ် ဒီဘဝတော့ဂရုမစိုက်နိုင်တော့ဘူး သမီးတော်လေးကြီးလာရင်ပြောပြလိုက်ပါ နေမျိုးသူရဆိုတဲ့ခမည်းတော်က ပြည်သူကိုကာကွယ်ရင်းအသက်စွန့်သွားတယ်လို့ပြောပြလိုက်ပါကွယ် " ဟုပြောပြီး စန္ဒာဒေဝီကိုစိုက်ကြည့်နေပါတော့သည်။ ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်ပြီး လက်ထဲရှိသမီးတော်လေးကို သက်တော်ရှည်ဘိုးဘိုးလက်ထဲထည့်ကာ ဘေးနားရှိရဲမက်တစ်ဦးထံမှာ လေးနှင့်မြှားကိုယူငင်၍ အားတို့စုစည်းပြီး လေးတော်တင်လိုက်သည်။ ရွှေစာ သက်တော်ရှည်အမတ်ကြီးနှင့် သွေးသောက်ကြီးငရဲ တို့က စန္ဒာဒေဝီတစ်ယောက်ပြုမူနေသည်ကိုဝင်ရောက်တားဆီးချင်းမပြုပဲ မမှိတ်မသုန် ကြည့်နေပါတော့သည်။ မျက်ဝန်းအိမ်မှ စီးကျလာသည်မျက်ရည်တို့နှင့်အတူ လေးညို့ကနေထွက်ခွာသွားသည့်မြှားတံကိုကြည့်နေရင်းမြှားတံက မောင်တော်နေမျိုးသူရ၏ဘယ်ဘက်ရင်အုံထဲကိုစူးနစ်ဝင်သွားကာ ခေါင်းငိုက်ကြသွားသည်ကိုတွေ့လိုက်ရပါတော့သည်။...

အောင်မှိုင်းနှင့်အငြိုးကြီးသရဲ(အပိုင်း၂)

Image
တပည့်သရဲများက စန္ဒာဒေဝီ ကို ကြမ်းပြင်ပေါ်တွင်ပက်လက်လှန်ချထားရာ နေမျိုးသူရတစ်ယောက် ဘေးတွင်မက်တပ်ရပ်ရင်းအပေါ်သို့ခေါင့်ကိုမော့ ပါးစပ်ကိုဟရင်း ရင်ခေါင်းသံဖြင့် "အားးးး ဟူ၍အော်ဟစ်လိုက်တော့သည်။ ပါးစပ်အတွင်းမှ အခိုးအငွေ့မဲမဲတွေထွက်လာကာ သဲသူဇာ ပါးစပ်ပေါက်နှခေါင်းပေါက် မျက်လုံးတို့မှနေ၍ ဝင်သွားပါတော့သည်။ သဲသူဇာတစ်ကိုယ်လုံးတုန်ရီလာပြီး ကြမ်းပြင်မှကော့တက်လာကာပြန်လည်ငြိမ်ကျသွားပါတော့သည်။ မျက်လုံးများပွင့်လာပြီး မတ်တပ်ရပ်နေသော နေမျိုးသူရကို ကြည့်ကာ "မောင်တော် မဟုတ်လား" ဟုရေရွတ်ရင်း ဘေးပက်ဝန်းကျင်ကိုကြည့်မိလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ပုံစံများဖြင့် ဘေးနားတွင်ဒူးထောက်ထိုင်နေသည့် သရဲများကိုကြည့်ပြီး နေမျိုးသူရကို "မောင်တော်ရယ် အဖြစ်ဆိုးလှချည်လားမောင်တော်ရဲ့ " ဟူ၍ရေရွတ်ရင်း နေမျိုးသူရက " ဒေဝီ အတိတ်ဘဝကိုပြန်သတိရပြီလား မောင်တော့်ကိုမှတ်မိပြီလားအချစ်ရယ် " ဟုပြောလိုက်တော့ စန္ဒာဒေဝီက "သတိရပါပြီမောင်တော် သို့ပေမယ့် ဘဝချင်းခြားနေပြီလေမောင်တော်ရယ် ဘယ်လိုလုပ်ရမလဲ" နေမျိုးသူရက တစ်ချက်ပြုံးပြီး "မောင်တော် ဒီဘဝနဲ့ရန်သူတွေကိုလက်စားချေမယ်လို့ဆုတောင်းခဲ့တယ် ဒေဝီ အခုရ...

အောင်မှိုင်းနှင့်အငြိုးကြီးသရဲ(အပိုင်း ၁)

Image
" ဟေ့ကောင်စိုးထိုက် ..မင်းရတဲ့သတင်းက သေချာရဲ့လားကွာ..ငါတော့လန့်တယ်နော် "ဟု မြတ်မင်းကပြောလိုက်သည်နှင့် ခွက်ထဲရှိလက်ကျန်အရက်ကိုမော့လိုက်ကာ တစ်ဝိုင်းလုံးရှိလူများကိုကြည့်လိုက်သည်။ " မသေချာရင်ပြောပါ့မလားကွ မင်းတို့ကလဲ..ငါသေသေချာချာစုံစမ်းထားတာ.. ဟိုတစ်လော ငါတို့ခြံသွားရှင်းတုန်းက တွေ့တဲ့လူကြီးလေ ..အဲ့လူကြီးကသရဲတစ္ဆေတွေနိုင်တယ်ပြောတယ်ကွ ..သူလာလိမ့်မယ်ခဏနေကြရင် အဲ့ကျမှမင်းတို့သိချင်တာဆက်မေးပေါ့ .." ဟု ပြောပြီးအမြည်းတစ်ဖက်ကိုယူစားလိုက်သည်။ စိုးထိုက်၊မြတ်မင်း၊အောင်ပုနှင့်ဘအေးတို့မှာ ပဲခူးမြို့ပေါ်တွင်ခိုးဆိုးလုနှိုက်စာရင်းဝင်သူများဖြစ်သည်။ ယခုလဲ စိုးထိုက်က သူကြားထားသည့်သတင်းစကားကိုအရက်ဆိုင်တွင်ပြန်လည်ဖောက်သည်ချနေခြင်းဖြစ်သည်။ တစ်မြို့လုံးနာမည်ကြားသည်နှင့်ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်နေသည့် အိမ်ကြီးတစ်လုံးအတွင်းသို့ခိုးဝင်ရန်ကိစ္စတိုင်ပင်နေကြသည်။ သရဲနိုင်သည်ဟုပြောသည့်လူရောက်လာမှဆုံးဖြတ်ကြမည်ဖြစ်ပြီး ယခုတော့လေးယောက်သား အရက်တစ်လုံးပြီးတစ်လုံးသောက်ကာ စောင့်မျှော်နေကြသည်။ လူကြီးတစ်ယောက်ကသူတို့ဝိုင်းကိုဝင်ထိုင်လိုက်တော့ စိုးထိုက်က စတင်ပြီး " ဒါငါပြောတဲ့သရဲနိုင်တယ် ဆိုတဲ့ဆရ...

ကြည်လင် အေးမြတဲ့ ကန်ရေပြင် ကြုံခဲ့ဖူးပြီ(ကိုယ်တွေ့ဖြစ်ရပ်မှန်)

Image
လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်လောက်က မလေးရှားကို သူများတွေမလေးရှားတာနဲ့ကိုယ ်လဲလိုက်ပြီးမလေးရှားခဲ့တယ် ဆိုပါတော့.. ဘာရည်ရွယ်ချက်မှကြီးကြီးမား မားမရှိပေမယ့် အသက်ကလဲငယ်ငယ်ရွယ်ရွယ်ရှိသေ းတော့ ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ် သွားချင်လာချင် ဗဟုသုတရှာဖွေချင်တဲ့စိတ်တစ် ခုထဲနဲ့ မြန်မာပြည်ကနေထွက်ချလာခဲ့လိ ုက်တာလေ၊ မြန်မာပြည်ကနေစထွက်လာခါစက အားလုံးပေါင်းကျွန်တော်တို့ အဖွဲ့ (၁၈)ယောက်ဗျ .. ဒီရောက်တော့ သူနေရာနဲ့သူ (၂)ယောက်တစ်တွဲ (၃)ယောက်တစ်တွဲနဲ့ အလုပ်တွေ ကွဲသွားလိုက်ကြတာ ကျွန်တော်နဲ့ ပဲခူးတိုက်ကြီးက သူငယ်ချင်းတစ်ယောက်နဲ့ (၂)ယောက်က ပီးနန်းတစ်ဖက်ကမ်းက ဆူငိုင်းပသနီဆိုတဲ့မြို့လေး ကိုလာရတယ်၊ အဲ့တုန်းက လာခေါ်တဲ့ ကျွန်တော်တို့ရဲ့ အလုပ်သမားခေါင်းဆောင်က အင်ဒိုနီးရှား (ဂျာဝါ)လူမျိုးဗျ.. (၁၈)ယောက်ကြားထဲမှာမှ ကျွန်တော်ကိုဘာကြည့်သဘောကျလ ဲမသိပါဘူး. သူ့ဆီကိုမရမကကို ကျွန်တော်ကိုခေါ်လာတော့တာပဲ ဖြစ်နိုင်ရေ အရှိဆုံးကတော့ သူတို့လူမျိူးရုပ်နဲ့ကျွန်တ ော်က တော်တော်လေးက်ိုတူနေတာကြောင ့်လို့ထင်ပါတယ်။ (မလေးရှား၊အင်ဒိုနီးရှားလူမ ျိုးများသည်ဘာသာကိုးကွယ်မှု အရသာ အစ္စလာမ် ဘာသာဝင်များဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်သာ...

TinString ( ရွာပျက်ကြီး ထဲက ဇာတ်လမ်းတစ်ပုဒ်)

Image
"ကိုကို...မီးမီးတို့လမ်းများမှားလာတာလားမသိဘူး..." "မမှားလောက်ပါဘူး ကိုကိုသူငယ်ချင်းပြောတာဒီလမ်းပါပဲ" "ဟုတ်မှလည်းလုပ်နော် ကိုကို မနက်ကတည်းကလမ်းလျှောက်လာတာ ခုထိရွာမပြောနဲ့ တဲတောင်မတွေ့ဘူး" "အေးကွာ...အစကတည်းကသေချာမေးခဲ့ရမှာ" "အဲ့တာကိုကို့အပြစ်လေ သိပြီ သိပြီနဲ့ တသိတည်းသိနေတာ မပြောချင်ဘူး" မောင်နှမနှစ်ယောက် တညည်းညည်းတငြူငြူလမ်းလျှောက်ရင်း "ဟာ...ကိုကို...ဟိုမှာသစ်ပင်ကြီးရှိတယ်...သွားနားရအောင်လေနော်...မောနေပြီ...အထုပ်တွေကလည်းအလေးကြီးပဲ" "လာလေ...အဲ့တာဆိုလည်းသွားနားတာပေါ့...ကိုကိုလည်းပင်ပန်းနေပြီ" "အယ်...ကိုကို...အပင်အောက်မှာရှင်းနေတာပဲ...အဲ့တာဆိုမီးမီးတို့လမ်းမမှားလောက်ဘူး လူနေလို့သာရှင်းနေတာပေါ့" "ညည်းပဲအမျိုးမျိုး ခုလမ်းမှာတယ်ပြောလိုက်...လမ်းမှန်တယ်ပြောလိုက်နဲ့" "အဲ...ကိုကိုကြားလား...လူသံတွေ" "အေး...ကြားတယ်ငါထကြည့်လိုက်ဦးမယ်" လာနေတာက အသက်သုံးဆယ်ဝန်းကျင် လောက်ရှိတဲ့လူနှစ်ယောက် တစ်ယောက်ကဗလတောင့်တောင့်နဲ့ နောက်တစ်ယောက်ကပိန်ပိန်သွယ်သွယ် ကျွန်တော်တို့နားနေတဲ့သစ်ပင်နားရောက်တော့ "ဒါ....

ဣဿာ မစ်ဆရိယ (စဆုံး)

Image
" တောက်ကွာ..မိုက်ရိုင်းလိုက်တာ .. ဘယ်ဥကပေါက်တဲ့ကောင်တွေမှန်းမသိဘူး.." အင်းသူကြီး ဘဦးတစ်ယောက် ဒေါသတကြီးဖြင့် ပြောဆိုနေလေသည်။ဘေးနားရှိ အင်းလုပ်သားများမှာ ဘယ်သူမှ စကားဝင်မပြောရဲပဲ အသာလေးကုတ်ကာနေရလေသည်။ ဦးဘဦးတစ်ယောက် တော်ယုံဒေါသမထွက်ပဲနေနိုင်သော်လည်း မိမိအင်းထဲသို့ ပိုတက်အဆိပ်များချသွားသဖြင့် ငါးများအတုံးအရုန်းသေနေသည်ကိုကြည့်ပြီး ဒေါသအလိတ်လိုက်ထွက်လာနေပေသည်။ " ညကစောင့်တဲ့အစောင့်တွေလာစမ်း.." ဟူ၍ဒေါသအသံဖြင့်ပြောလိုက်တော့ လူသုံးယောက် သူ့အရှေ့သို့တိုးလာလေသည်၊။ " မင်းတို့ကောင်တွေ ရှိနေတာတောင် ငါ့အင်းမှာဒီလို့ဖြစ်တယ်ဟုတ်လား.." " ဆရာရယ်.. အရင်ညတွေတုန်းက အဲ့လိုမဖြစ်ဖူးပါဘူး မနေ့ညကမှ ကျွန်တော်တို့သုံးယောက်.. ညသန်ခေါင်အချိန် နောက်ဆုံးတစ်ခေါက် ကင်းလှည့်ခဲ့ပါသေးတယ်.." " အေး .. မင်းတို့ကိုပါမသတ်သွားတာ ကံကောင်းတယ်မှတ်.. ဒီတစ်ခါခွင့်လွှတ်လိုက်မယ်.." ဟူ၍ ပြန်ဖြေသည့်လူကိုကြိမ်းမောင်းလိုက်လေသည်။ အင်းအလုပ်ဖြင့်တစ်သက်လုံး အလုပ်လုပ်လာခဲ့သမျှ ဒီတစ်ခါအဖြစ်အပျက်မှာ အလွန်ခံပြင်းစရာကောင်းလှပေသည် ငွေကြေးအလုံးအရင်းသုံးကာ ဒီမြစ်ကျိုးအင်းကြီးကိုလေလံအပြိုင်ဆွဲခဲ့ပြီးမှ...