TinString ( ရွာပျက်ကြီး ထဲက ဇာတ်လမ်းတစ်ပုဒ်)
"ကိုကို...မီးမီးတို့လမ်းများမှားလာတာလားမသိဘူး..."
"မမှားလောက်ပါဘူး ကိုကိုသူငယ်ချင်းပြောတာဒီလမ်းပါပဲ"
"ဟုတ်မှလည်းလုပ်နော် ကိုကို မနက်ကတည်းကလမ်းလျှောက်လာတာ ခုထိရွာမပြောနဲ့ တဲတောင်မတွေ့ဘူး"
"အေးကွာ...အစကတည်းကသေချာမေးခဲ့ရမှာ"
"အဲ့တာကိုကို့အပြစ်လေ သိပြီ သိပြီနဲ့ တသိတည်းသိနေတာ မပြောချင်ဘူး"
မောင်နှမနှစ်ယောက် တညည်းညည်းတငြူငြူလမ်းလျှောက်ရင်း
"ဟာ...ကိုကို...ဟိုမှာသစ်ပင်ကြီးရှိတယ်...သွားနားရအောင်လေနော်...မောနေပြီ...အထုပ်တွေကလည်းအလေးကြီးပဲ"
"လာလေ...အဲ့တာဆိုလည်းသွားနားတာပေါ့...ကိုကိုလည်းပင်ပန်းနေပြီ"
"အယ်...ကိုကို...အပင်အောက်မှာရှင်းနေတာပဲ...အဲ့တာဆိုမီးမီးတို့လမ်းမမှားလောက်ဘူး လူနေလို့သာရှင်းနေတာပေါ့"
"ညည်းပဲအမျိုးမျိုး ခုလမ်းမှာတယ်ပြောလိုက်...လမ်းမှန်တယ်ပြောလိုက်နဲ့"
"အဲ...ကိုကိုကြားလား...လူသံတွေ"
"အေး...ကြားတယ်ငါထကြည့်လိုက်ဦးမယ်"
လာနေတာက အသက်သုံးဆယ်ဝန်းကျင် လောက်ရှိတဲ့လူနှစ်ယောက် တစ်ယောက်ကဗလတောင့်တောင့်နဲ့ နောက်တစ်ယောက်ကပိန်ပိန်သွယ်သွယ် ကျွန်တော်တို့နားနေတဲ့သစ်ပင်နားရောက်တော့
"ဒါ...မြို့ကလာတဲ့ဆရာဝန်လေးလားမသိဘူးခင်ဗျ"
"ဪ...ဟုတ်ပါတယ်ဗျ.....
"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်ဗျ...သူကြီးကခင်ဗျားတို့လာမယ်ဆိုလို့ အကြိုခိုင်းတာ ခုလိုနောက်ကျနေတဲ့အတွက်တောင်းပန်ပါတယ်"
"ရပါတယ်ဗျာ...မလိုပါဘူး...လူဆိုတာသူ့အခက်ခဲနဲ့သူတော့ရှိမှာပေါ့ဗျာ"
"ခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးပါဗျာ ကျွန်တော့်နာမည် ဗလ ပါ...ဒီကနောင်ကြီးကတော့ ရန်ကြီး"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ"
"ကဲ...အချိန်မရှိတော့ဘူး သွားကြရအောင်"
ဗလဦးဆောင်ပြီး အထုပ်တွေသယ်ထွက်ခွာသွားတော့ ကျွန်တော်တို့လည်း ပေါ့ပေါ့ပါးပါး လိုက်ရုံပင်...ဟောဗျာ ကျွန်တော်တို့မောင်နှမခက်ခက်ခဲခဲသယ်နေရတဲ့အထုပ်တွေက သူတို့လက်ထဲရောက်တော့ ပေါ့ပါးနေသလားပင်ထင်ရတယ်...ကျွန်တော်တို့တောင်သူတို့ကိုမနဲမှီအောင်လိုက်နေရတဲ့အဖြစ်
"ကဲ...ဆရာလေး သူကြီးအိမ်အရင်ဝင်လိုက်ပါဦး ကျုပ်တို့တော့ ဆရာလေးတို့နေရမယ့် အိမ်ကို အထုပ်တွေသွားထားလိုက်ဦးမယ်"
"ဟော...ဆရာလေးတို့ရောက်လာကြပြီကိုး...လာကွယ့်...အိမ်ထဲသွားရအောင်...ကျုပ်ကဆရာလေးတို့လာမယ်ဆိုလို့မျှော်နေတာ...ကျုပ်ကိုယ်တိုင်လာမကြိုနိုင်တာကိုတော့ နားလည်ပေးပါကွယ်"
"ဟုတ်ကဲ့...ရပါတယ်ဗျ"
အိမ်ထဲကနေထွက်လာပြီး ခရီးဦးကြိုနေတဲ့သူကြီးကိုမ်ြငတော့ စိတ်ထဲတော့မကောင်း နာတာရှည်ရောဂါကြောင့်လားမသိ ရှိရင်းစွဲအသက်ထက်ပင် ပိုပြီးရင့်ရော်နေသလိုပဲ အိမ်ထဲရောက်တော့
"ကဲထိုင်ငါ့တူတို့...ကျုပ်ကတော့ဒီရွာရဲ့သူကြီးဦးဘလူလို့ခေါ်တယ်ကွဲ့...အဲ...ကျုပ်ဇနီးကတော့မယ်မြပေါ့...မယ်မြရေ ဒီမယ်...ဆရာလေးတို့ရောက်နေတယ်ကွဲ့ လက္ဘက်ရည်ကြမ်းလေးယူခဲ့ပါကွယ်...
"ဪ...မြို့ကနာမည်တွေဆိုတော့အဆန်းပဲ...ကျုပ်တုိ့ကတောဆိုတော့ တောဆန်ဆန်ပဲပေါ့ကွယ်...အိမ်း...မနေ့ကတောင်ဆရာဝန်လေးတစ်ယောက်ရောက်လာသေးတယ်ကွဲ့...နာမည်ကလည်းအဆန်းသား သင့်ဆက်ပိုင်တဲ့...မင်းတို့မြို့ကနာမည်တွေကဘာတွေမှန်းလည်းမသိပါဘူးကွယ်...တောနဲ့တော့အတော်ကွာသား...စကားပြောပုံတွေကအစ...ကျုပ်တို့ကတောဆိုတော့ ပွင့်လင်းပြီးစကားပြောကြမ်းတယ်ကွဲ့...မြို့ကတော့စကားပြောအတော်ချိုတာပဲ...ကဲ...ကဲ....ငါ့တူတို့လည်းပင်ပန်းလာပြီ...နားချင်ရောပေါ့...ညစာစားချိန်အခေါ်လွှတ်ခိုင်းလိုက်မယ်ကွဲ့ ဗလတို့တောင်ပြန်လာပြီ...ဗလရေ...ဒီကမောင်ရင်တို့ကိုနားရမယ့်အိမ်လိုက်ပို့လိုက်ပါဦးကွဲ့"
"ဟုတ်ကဲ့...သူကြီး"
ဗလလိုက်ပို့တဲ့အိမ်ရောက်တော့ ခရီးကအတော်ပင်ပန်းလာလို့လားမသိ ဗလပြခဲ့တဲ့ အခန်းနှစ်ခန်းကို တစ်ယောက်တစ်ခန်းဆီယူပြီး နားရင်းဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိ ညနေ ဗလ ထမင်းစားလာခေါ်မှ အိပ်ရာကနိုးရတဲ့အဖြစ်
"ဆရာလေးတို့အက်ုနလုံးကို သူကြီးကထမင်းစားခေါ်ခိုင်းလိုက်လို့ခင်ဗျ"
"ဪ...sry ဗျာ...ကျွန်တော်တို့အိပ်ပျော်သွားတယ်"
"ဒါနဲ့ဆရာလေးသင့်ဆက်ပိုင်ရော ဘယ်ရောက်သွားလဲ"
"ဪ...ကျွန်တော်တို့လာကတည်းကမတွေ့မိဘူးဗျ"
"ကိုဗလ...ကျွန်တော်ဒီမှာပါဗျ...ပျင်းလို့ခြံနောက်ထဲဆင်းပြီးလမ်းလျှောက်နေတာပါဗျ"
အသံလာရာဆီသို့ကြည့်တော့ ဖြူဖြူနုနုနဲ့ကောင်လေး ကိုယ့်ထက်နှစ်နှစ်လောက်တော့်ငယ်မညွပုံစံ
"ကဲ...လူစုံရင်လည်းသွားရအောင်ဗျာသူကြီးစောင့်နေတယ်"
သူကြီးအိမ်ရောက်တော့ညစာစား စကားအနဲအကျဉ်းပြောပြီး ပြန်ရောက်တော့ ဘယ်လိုမှန်းမသိ အရမ်းအိပ်ချင်နေ၍ အိပ်ပျော်သွားရပြန်ပြီ မနက်အိပ်ယာကနိုးတော့ ခြောက်နာရီ ဒီချန်ိဆို ဟိုငတိမ အိပ်ကောင်းတုန်းနေမှာ တွေးရင်း မျက်နှာသစ် ကိုယ်လက်သန့်စင်နေတုန်း
"အကို...နိုးပြီလား"
"ဪ...ညီ...အေးကွခုပဲနိုးတာ...ညကအရမ်းအိပ်ချင်တေနာနဲ့ စကားတောင်ကောင်းကောင်းမပြောရဘူးကွာ"
"အတူတူပါပဲအကိုရာ...ကျွန်တော်လည်းသူကြီးအိမ်ကပြန်လာတာတောင် မျက်လုံးကိုမနဲပြူးပြဲဖွင့်လာရတာဗျ"
"ဟားဟား...ဒါနဲ့ ညီကကိုယ်တို့လိုပရဟိတလာလုပ်တာပဲလား"
"ဟုတ်တယ်လို့ပြောပြန်ရင်လည်းညာရာကျဦးမယ်...အမှန်တိုင်းပြောရရင်တော့ အိမ်ကမ်ိန်းမ ပေးစားမယ်အသံကြားတာနဲ့ထွက်ပြေးလာတာ"
"ဟားဟား...ညီရာဖြစ်မှဖြစ်ရလေ...ဆိုစမ်းပါဦး အိမ်ကပေစားးတဲ့မိန်းမကမချောလို့လား"
"အဲ့တာတော့ကျွန်တော်လည်းမသိဘူး မြင်လည်းမမြင်ဖူးဘူးဗျ "
"ဟေ...ဖြစ်ရတယ်ကွာ...မင်းနှယ်ချောချောလေးဖြစ်နေရင်ဘယ်လိုလုပ်မလဲ"
"အဲ့တာတော့ကံပေါ့ဗျာ ဘယ်တတ်နိုင်မလဲ"
"မင်းကမိန်းမပေးစားတာငြင်းတယ်ဆိုတော့ရည်ရွယ်ထားတဲ့သူများရှိလို့လား"
"အာ...မရှိပါဘူးဗျာ...မယူချင်သေးလို့ပါ...ဒါနဲ့ အကိုကရော...အိမ်ထောင်တွေဘာတွေရှိဘူးလား"
"ဟားဟား...ဒီလောက်သွားလေရာညီမတစ်ယောက်လုံးတောက်တဲ့တွယ်သလိုလိုက်နေမှတော့ ဘယ်လိုလပ်ရှိမှာတုန်းကွ ဒီကြားထဲကြိမ်းလိုက်သေးတယ်...ရည်းစားထားလို့ကတော့အသေပဲတဲ့"
"ဟားဟား...အကိုကညီမကြောက်တာပဲ"
"ကြောက်တာတော့မဟုတ်ဘူးပေါ့ကွာ ချစ်တာပေါ့ ညီမကိုချစ်ကြောက်ရိာုသေတကွ ဟားဟား "
"အကိုလည်းပျော်တတ်တာပဲဗျ"
"ပျော်ပျော်နေသေခဲလေကွာ....ဒါနဲ့မင်းလည်းရန်ကုန်ကပဲလား"
"ဟုတ်တယ်ဗျ...ကျွန်တော်က သင်္ကန်�းကျွန်းဘက်က အကိုတို့ကရော"
"ကိုတို့ကဗိုလ်တစ်ထောင်မှာနေတာကွ"
"ဪ...ကျွန်တော်အာ့ဘက်ခဏခဏရောက်ဖြစ်ပါတယ် အကိုတို့ကိုတော့တစ်ခါမှမ်ြမဖငူးဘူးဗျာ"
"ဖြစ်တတ်ပါတယ်"
"အာ့မှာကျွန်တော့သူငယ်ချင်းရှိတယ်လေ ရန်ပိုင်စိုး အကိုသိလား"
"သိတာပေါ့ကွာ တစ်ရပ်ကွက်ထဲပဲ "
"ကိုကို...နိုးနေတာကို မီးမီးကိုမနှိုးဘူး"
"အမလေးဗျာ...ညည်းကိုပင်ပန်းထားလို့အိပ်ပါစေတော့ဆိုပြီးမနှိုးပဲထားထားတာကိုအပြစ်လာတင်နေတယ်"လာလေမနက်စာစားကြတာပေါ့...ကျွန်တော်ကော်ဖီဖျော်ထားတယ်ဗျ"
"နေဦး...အဲ့တာဆို...ညီမမှာမုန့်တွေပါတယ် သွားယူလိုက်ဦးမယ်"
ဒီလိုနဲ့ စားရင်းသောက်ရင်း စကားပြောရင်း ခြံထဲကိုဗလအလောတကြီးပြေးဝင်လာပြီး
"ဆရာလေးတို့ ကျွန်တော်နဲ့လိုက်ခဲ့ပါဦးဗျာ...ရွာထဲမှာအရေးပေါ်လူနာရှိလို့"
"အကိုတို့နေခဲ့လေ ကျွန်တော်လိုက်သွားလိုက်မယ်"
"မဟုတ်ဘူးဗျ...အကုန်လုံးလိုက်ခဲ့မှရမယ်ထင်တယ်"
"ကဲ...အဲ့တာဆိုလည်းလိုက်တာပေါ့ဗျာ...ကိုဗလခဏတော့စောင့်ဦး...ကျွန်တော်တို့ပစ္စည်းတွေသွားယူလိုက်ဦးမယ်"
"ဟုတ်ကဲ့ခင်ဗျ...မြန်မြန်လေးတော့လုပ်ကြ"
ယူစရာရှိတာယူပြီး ကျွန်တော်တို့ ဗလခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာရင်း နှစ်ထပ်အိပ်ကြီးရှေ့ရောက်တော့ ဗလက
"ဒီအိမ်ဗျ....ဆရာလေးတို့ဝင်သွားလိုက်လေ"
"ဟုတ်ကဲ့ခင်ဗျ"
အိမ်ထဲရောက်တော့ အန်တီကြီးတစ်ယောက်က
"ဆရာလေးတို့ လာ...လူနာကအိမ်ပေါ်မှာ"
ကျွန်တော်တို့ ထိုအန်တီကြီးနောက်ကလိုက်သွားရင်း လှေကားပေါ်ရောက်တော့ အပုပ်နံ့ကထောင်းခနဲ စိတ်ထဲမှာတော့အပုပ်နံ့ကြောင့်ကြက်သီးထမနေိတာတော့အမှန် အိမ်ပေါ်ရောက်တော့အနံ့ကဆိုးဆိုးဝါးဝါး အသက်တောင်ဝအောင်မရှူနိုင် ဒီကြားထဲတံခါးတွေကလည်းပိတ်ထားသေးတယ် လူနာကရိုင်းရိုင်းပြောရရင် မသေခင်ကတည်းကပုပ်နေသလိုပဲ အသက်ကတော့ရှိသေးတယ်
"လူနာကဖြစ်နေတာဘယ်လောက်ကြာပြီလဲဗျ"
"မကြာသေးပါဘူး...မနက်ကတင်အကောင်းလမ်းတွေဘာတွေထလျှောက်လို့ ခုမှဖြစ်တာ"
"ဗျာ"
"ဘယ်လို"
ကျွန်တော်တို့သုံးယောက်လုံး ပါးစပ်အဟောင်းသား အာမေဍိတ်သံကပြိုင်တူ ခုချိန်ကအံ့သြလည်းနောက်မှ လောလောဆယ် စမ်းသစပ်ရာရှိတာတော့စမ်းသပ်ရမှာပဲ တစ်ခါမှလူနာဆိုမကြောက် လူသေအလောင်းတောင် လက်မရွံ့ဘဲခွဲစိတ်ခဲ့တဲ့ကျွန်တော်က ခုတော့လူနာကိုင်ရမှာပင်လက်ကတုန်တုန်ယင်ယင် ကျွန်တော်လူနာကိုကိုင်ပြီးစစ်ဆေးမည်အပြု
"ဂေ့...ဝေါ့"
"အမလေး"
လန့်အော်တာကကျွန်တော့်ညီမေးလ အော်မပေါ့ ကျွန်တော်တို့တောင် လန့်ပြီးမအော်မိအောင်မနဲထိန်းထားရတဲ့အဖြစ် ဘယ့်နှယ့်ဗျာ ဒီလိုလူနာမျိုး ကျွန်တော့်တစ်သ်ကနဲ့တစ်ကိုယ် ဒါပမထဆုံးပါပဲ လူနာကတော့ဆုံးပြီ....သူအသက်ထွက်တာကလည်းတကယ်လန့်စရာပင် သွေးပုပ်တွေအန်ပြီးအသက်ထွက်သွားရှာတာ ပြီးတော့အန်တဲ့သွေးထဲမှာလည်း လောက်တွေကလှုပ်လှုပ်ရွရွ
"အဒေါ်...လူနာဆုံးသွားပြီ...သဂြိုလ်ဖိ့ုပြင်ပါ"
"ဆုံးပြီဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ ဒါပေမယ့်သုံးရက်တော့ထားရမှာပဲ"
"ဗျာ"
"ရှင်"
"ဘယ်လို....ဒီအလောင်းကိုသုံးရက်ထားမယ်ဟုတ်လား...ခင်ဗျားတို့ရူးနေကြလား ဟင် ဒီလောက်ပုပ်နေတဲ့အလောင်းကိုသုံးရက်ပြည့်အောင်ဘယ်လိုထားမလဲပြော"
"ညီ....အဲ့လိုမပြောနဲ့လေကွာ...သူုတို့စိတ်ချမ်းသာသလိုလုပ်ပါစေ....ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦးခင်ဗျ"
ကျွန်တော်တို့လည်းနှုတ်ဆက်ပြီးပြန်လာခဲ့ပေမယ့် စိတ်ထဲမှာတေ့ာ်အော်ဂလ်ီဆန်နေတာတော့အမှန် အိမ်ရောက်တော့သုံးယောက်သား တိုင်ပင်မထားပဲ ပြိုင်တူထိုးအန်ရင်း
"ကိုကိုရေ...နေ့လည်စာလည်းစားနိုင်မှာမဟုတ်တော့ဘူးသွားနားတော့မယ်"
"အေး...ကိုကိုလည်းစားနိုင်မှာမဟုတ်တော့ဘူး နားလိုက်ဦးမယ်"
နားရင်းနဲ့ အိပ်ပျော်သွားရပြန်ပြီ...အိပ်ယာကနိးုတော့ ညနေငါးနာရီတောင်ခွဲပီ
"ဟာ...ညီနိုးနေတာကြာပြီလား"
"မကြာသေးပါဘူးဗျာ...ကျွန်တော်လည်းအစောကတင် ဗလ ညစာလာပို့လို့နိုးတာ စားဖို့ကတော့အဆင်သင်ဗျ."
"အေး...ကိုယ့်ညီမလေးကိုသွားနှိုးလိုက်ဦးမယ်"
"နိုးပါပြီ...ကိုကိုရာ...ဘာပဲဖြစ်ဖြစ်ညစာတော့စားမယ် ဗိုက်အရမ်းဆာနေပြီ"
"ကဲ...စားဗျာ...ထိုင်"
ဗိုက်ဆာဆာနဲ့သုံးယောက်သားစားဖို့အစပျိုးတုန်းရှိသေး
"အား"
ဧကရီအော်သံကြောင့်လန့်ဖြတ်ပြီး
"ညီမလေးဘာဖြစ်တာတုန်း"
"ဧကရီ ဘာဖြစ်တားတုန်း"
"ဝေါ့...ထမင်း....ထမင်း...ဝေါ့....ထမင်းထဲမှာ...ဝေါ့...လောက်....လောက်တွေ....ဝေါ့"
"ဟာ...ညီမလေးကလည်း ထမင်းကဒီလောက်ပူတေနာဘယ်လိုလုပ်လောက်တွေပါမှာလဲ ညီမလေးမနက်ကအဖြစ်ကိုပြန်မြင်နေလို့နေမှာပါ ရေသောက်လိုက် ရော့..."
"ဟာ...အကို...ဟုတ်တယ်ဗျ...ဟင်းတွေထဲမှာကော...တော်သေးလို့ဗျာ မစားမိသေးလို့"
"ဟင်...ဘယ်လိုဖြစ်တာပါလိမ့်"
"ကိုကိုရယ်...ဒါကရွာမှဟုတ်ရဲ့လား မီးမီးစိတ်ထဲတော့သိပ် မသင်္ကာချင်ဘူး ပြီးတော့ သူကြီးအ်ိမမှာဘုရားစဉ်မရှိဘူး နောက်ပြီးမနက်ကအိမ်မှာလည်းမတွေ့ဘူး ပြီးတော့ဒ်ီအိမ်"
"ဧကရီပြောတာဟုတ်တယ်ဗျ ကျွန်တော်လည်းသတိထားမိတယ် တခြားဘာသာတွေ နတ်တွေများကိုးကွယ်လို့လားလိုက်ရှာတော့လည်းမတွေ့ဘူး"
"အေး...မင်းတို့ပြောတာလည်းစဉ်းစားစရာပဲ"
"ဟင်...ကိုကိုဘာသံကြီးတုန်း ကြားလား"
"အင်း...လာ...အပေါ်ထပ်ကသွားကြည့်ရအောင်..."
"ဟင်...ရွာသားတွေပဲ မီးတုပ်တွေနဲ့ဘယ်သွားတာလဲမသိဘူး ရှေ့ဆံုးကကိုဗလမို့လား"
"အေးကွ...တို့လိုက်ကြည့်ရအောင်"
"ဧကရီလိုက်ရဲပါ့မလား"
"မလိုက်ရဲစရာအကြောင်းမရှိပါဘူး ကဲ...ပြောနေကြာတယ်သွားရအောင်"
သုံးယောက်သားတညီတညွတ်တည်း ရှေ့ကသွားနေတဲ့ဗလတို့နောက်ကတိတ်တဆိတ်လိုက်ရင်း
"ဟင်....ဘယ်ရောက်သွားတာလဲ အစောကတင်ရှေ့မှာပါ"
"မင်းတို့သစ္စာမရှိဘူး မင်းတို့ကိုကျွေးတဲ့ထမင်းကိုလည်းမစားဘူး နေပြီး ငါတို့နောက်ကိုလည်း လိုက်ချောင်းဖို့ကြိုးစားတယ် မင်းတို့သေသင့်နေပြီ မင်းတို့ကိုအရှင်မထားတော့ဘူး"
နောက်ကြောဘက်ဆီမှအသံလာရာဆီကြည့်တော့ ကိုဗလ မျက်နှာကလည်းဖြူဖတ်ဖြူရော်နဲ့ သူ့ကြည့်ရတာ ကျွန်တော်တို့ကိုလည်း တကယ်သတ်မည့်ဟန်
"နေပါဦးကိုဗလရဲ့ ကျွန်တော်တို့အပြစ်က သေသင့်တယ်ဆိုလည်းသဘောပါ ဒါပေမယ့် သိချင်တာတစ်ခေုတော့ဖြေဗျာ...ခင်ဗျားတို့ကဘာလဲ ပြီးတော့ဒီရွာကရော ဘာလဲ"
"အဲ့တာ မင်းတို့သိစရာမလိုဘူး ခုမင်းတို့သိရမှာက သေရတော့မယ်ဆိုတာပဲ"
ထိုစဉ် သင့်ဆက်ကကျွန်ေ့တာနားတိုးတိုးကပ်၍
"အကို ကျွန်တော်တို့ပြေးမှဖြစ်မယ် လူစုတော့မကွဲစေနဲ့"
"အဲ့တာဆိုလည်းပြေးတာပေါ့ကွာ...ဘယ်ဘက်ကိုပြေးမှာလည်း လွတ်လွတ်ကျွတ်ကျွတ်လမ်းကိုပဲရွေး"
"အကိုအနောက်ဘက်ဆို ကျွန်တော်တို့လာခဲ့တဲ့လမ်းပဲ အမြန်ပြေးနိုင်မယ်ဆိုရင်တော့လွတ်မှာပါ"
"အေးကွာ...လုပ် ဝမ်း တူး သရီး ဆိုပြေးတာပေါ့"
"Ok. ကျွန်တော်စရေပြီနော်"
"one
two
three....ပြေး"
ကျွန်တော်တို့လည်းအပြေး နောက်ကလည်းထပ်ကြပ်မကွာလိုက်နဲ့...ညကတော့အကျည်းတန်သွားသည်မသိရင်ကမ္ဘာပျက်သည့်နှယ် ဆူညံပွက်လောထကာ ကျွန်တော်တို့လည်းအားကုန်သုံးပြေားရင်း အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားလေပြီ သတိရ၍မျက်လုံးကိုအားယူဖွင့်ကြည့်တော့ ကျွန်တော့ကိုစိုးရိမ်စွာကြည့်နေတဲ့ ဖေဖေနဲ့မေမေ
"သားသတိရလာပြီလား"
"ညီမလေးရောမေမေ"
"ရှိပါတယ်...သတိတော့မရသေးဘူး"
"နန်းရေ...သမီးလေးသတိရလာပြီ"
"တော်သေးတာ့ပေါ့သားတို့ရယ်မသေကောင်းမပျောက်င်ကေား မေမေတို့နဲ့တွေ့လို့သာပေါ့"
"မေမေတို့ကသားတို့ကိုဘယ်လိုလုပ်တွေ့တာလဲ
"မင်းသူငယ်ချင်း အောင်နိုင်ဖုန်းဆက်တာလေ မင်းတို့လုပ်အားပေးသွားမယ်ဆိုတဲ့ရွာက မင်းတို့ရောက်မလာဘူးလို့ဖုန်းဆက်လို့ မင်းတို့ပျောက်နေမှန်းသိတာ အဲ့တာနဲ့လိုက် ရှာရင်း ညကမင်းတို့သုံးယောက်မေမတို့ကားရှေ့လည်းရောက်ရောေ့မလဲသွားတော့တာပဲ မေမေတို့လည်းလန့်ပြီးဘယ်သူတွေလဲဆင်းကြည့်တော့ မင်းတီု့ဖြစ်နေတာလေ ကံကြီးပေလို့သာပေါ့ "
"ဪ...ဒါနဲ့သင့်ဆက်ပိုင်ရောသတိရပြီလားမေမေ"
"အင်း...ရွှေစင်သားလေးလား သူလည်းမင်းအရင်လေးတင် သတိရတာမကြာသေးပါဘူး"
"ဪ...မေမေသားနားချင်ပြီ"
"အေးအေး...နားလေ...မေမေ့အတွက်သားနဲ့သမီးဘာမှမဖြစ်ရင်ပဲကျေနပ်ပါပြီကွယ်......နေဆုံးမှကျွန်တော်တို့သိရတာက အဲ့ဒီ့ရွာကတစ်ခါတစ်လေတွေ့ရပြီး တစ်ခါတစ်လေပျောက်နေတတ်တယ်လို့ရှေ့မှီနောက်မှီလူကြီးတွေကနေတဆင့်ကြားသိပြီး ကျွန်တော့်ဘဝရဲ့အချိန်တိုင်းမှာ ထိတ်လန့်စရောကာင်းတဲ့ညတစ်ညကိုသတိရရင်း။ ။
Comments
Post a Comment